ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်ရှိ ကျောင်းအုပ်စု(၁၂)တွင် (၁၂.၈.၂၀၁၃)ရက်တနင်္လာနေ့ နံနက်(၁၀)
နာရီအချိန်တွင် အမက-ကုန်းခါးကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအုပ်စုဆွေးနွေးပွဲတွင် အုပ်စု(၁၂)
ကျောင်းများဖြစ်သည့် အထက(ခွဲ)-စင့်ကင်၊ မူလွန်-ငှက်ပျောတော၊ အလက(ခွဲ)-တိန်းသော်၊အမက-
တိန်းသော်ရွာသစ်၊အမက-ကုန်းခါး၊ အမက-ကမ်းနီ၊ အမက-မံပင်၊ မူလွန်-ကျွန်းကြီး၊ အလက(ခွဲ)-မိုင်းကာ
ကျောင်းများမှ ဆရာ(၅)ဦး၊ဆရာမ(၂၆)ဦး၊စုစုပေါင်း(၃၁)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့
ဒုတိယမြို့နယ်ပညာရေးမှူး ဆရာဦးအောင်တင့်လည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါကျောင်းအုပ်စုဆွေးနွေးပွဲတွင် အမက-ကမ်းနီကျောင်းမှ မူလတန်းပြဆရာ ဦးခိုင်လင်းမှ စတုတ္ထတန်းသင်ခန်းစာခေါင်းစဉ်ဖြစ်သည့် "ကယားပြည်နယ်" အကြောင်း သရုပ်ပြသင်ကြားခဲ့ပါသည်။
သရုပ်ပြသင်ကြားသူ ဆရာဦးခိုင်လင်းသည် နိဒါန်း၊သင်ကြားသင်ယူမှု၊နိဂုံးပိုင်း အားလုံးနီးပါး ကြိုးစားပြီး
သင်ကြားသွားပါသည်။ဘာသာရပ်ကျွမ်းကျင်မှုရှိသည်။ သင်ထောက်ကူအသုံးပြုမှုကောင်းသည်။ သင်ပြမှု
စွမ်းရည်ကောင်းသည်။ စစ်ဆေးတိုင်းတာမှုကောင်းသည်။ နှစ်လိုဖွယ်သဘောထားတွင် စကားသံ အနည်း
ငယ် မာနေပါသည်။ စိတ်လှုပ်ရှားမှုလည်းရှိသဖြင့် မျက်နှာအမှုအယာ တည်နေပါသည်။ ကလေးများအ
တွက် နှစ်လိုဖွယ်သဘောထား လိုအပ်နေပါသေးသည်။
ဆရာဦးခိုင်လင်း၏ ကြိုတင်ပြင်ဆင်မှုနှင့် သင်ထောက်ကူဖန်တည်းလာမှု အလွန်ကောင်းပါသည်။၎င်း၏
ကယားပြည်နယ် ကဗျာလေးကို ပညာရေးညီအစ်ကိုမောင်နှမများ သို့ စိတ်ရင်းဖြင့် မျှဝေပေးလိုက်ပါသည်။
Tuesday, August 13, 2013
Tuesday, August 6, 2013
ဦးအောင်တင့်နှင့်မူအုပ်များကျောင်းလုပ်ငန်းဆွေးနွေးခြင်း
၎.၈.၂၀၁၃ရက်နေ့ နံနက်(၁၀း၀၀)နာရီ ဗန်းမော်မြို့၊အမက-၄ကျောင်းတွင် ကျောင်းလုပ်ငန်းများ
ဆွေးနွေးကြသည်။
ပထမ ဦးစွာ CCA ဆိုင်ရာ ကျောင်းတွင်းဆွေးနွေးပွဲ၊အုပ်စုတွင်းဆွေးနွေးပွဲ မည်သို့ဆောင်ရွက်သင့်သည်
ကို ဆွေးနွေးကြသည်။
ဒုတိယ အနေဖြင့် မူလတန်းကျောင်းအုပ်ရုံးခန်းတွင် ထားရှိရမည့် ဦးစီးဇယားများ၊ ထိန်းသိမ်းထားရမည့်
ခ-စာရင်း၊ TC ၊ MRC,CPR ၊ အောင်စာရင်း၊အမှတ်စာရင်းများအကြောင်းဆွေးနွေးကြသည်။
တတိယ အနေဖြင့် ဗန်းမော်မြို့၊ပေါက်ကုန်းရပ်ကွက် ဘိုးဘွားရိပ်သာ အဖိုးအဖွားများအား အဟာရဒါန
ကြွေးမွေးရန်အတွက် စေတနာပေါက်ထည့်ဝင်ကြသည်။ အဖိုးအဖွား(၁၆)ဦးအား အဟာရဒါနပြုရန်
အလှူငွေ ၅၀၀၀၀ိ/-(ကျပ်ငါးသောင်း)ရရှိပါသည်။ အဟာရဒါန(၂)ရက်စာရရှိပါသည်။
၁၈.၈.၂၀၁၃ရက်နှင့် ၂၉.၈.၂၀၁၃ရက်ကျောင်းပိတ်ရက်များတွင် သွားရောက်လှူဒါန်းကြမည်
ဖြစ်ပါသည်။ လိုက်ပါနိုင်သူဆရာ/မများကို အသိပေးအကြောင်းကြားပါသည်။
ကျောင်းလုပ်ငန်းဆွေးနွေးပွဲကို ညနေ(၃း၃၀)နာရီတွင် အဆုံးသတ်ပါသည်။လုပ်ငန်းဆွေးနွေးပွဲတွင်
ဦးအောင်တင့်နှင့် ဆရာ/မ ၄၇ ဦးတက်ရောက်ကြပါသည်။
အောင်တင့် အောင်တင့်၁၂ အောင်တင့်၂၀၁၃
သတင်း လူ့အခွင့်အရေး ရာသီဥတု
မြန်မာသတင်း ဆီးဂိမ်း မြန်မာ့ရုပ်ရှင်
ကျောင်း ကျောင်းသား ဆရာ

Subscribe to:
Posts (Atom)