ပညာရေးစုံညီပွဲတော်
၂၀ရာစုနှစ်အတွင်း
သိပ္ပံနှင့်နည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးလာပြီး သတင်းအချက်အလက်နှင့်
ဆက်သွယ်မှုဆိုင်ရာ
နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာသဖြင့် ကမ္ဘာ့နိုင်ငံများ၏
စီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေးစသည့်
ကဏ္ဍအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ်
အရှိန်အဟုန်ပြင်းစွာ
ရိုက်ခတ်လာပါတယ်။ သို့ဖြစ်၍ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို
အပြည့်အဝ
ရယူအသုံးပြုနိုင်မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာ့နိုင်ငံများ
နှင့်
ရင်ပေါင်တန်းနိုင်မည်ဖြစ်ပါတယ်။ အချိန်နှင့်အမျှ တိုးတက် ပြောင်းလဲနေသော သတင်းအချက်အ
လက်နှင့်
ဆက်သွယ်မှုနည်းပညာများကို စဉ်ဆက်မပြတ် ရယူအသုံးပြုနိုင်ရေးအတွက် အစဉ်လေ့လာ
သင်ယူနေသော
လူ့ဘောင်အဖွဲ့အစည်း တစ်ခုအဖြစ် ပြောင်းလဲကျင့်သုံးရန် လိုအပ်သဖြင့် နှစ်(၃၀)
နှစ်ရှည်စီမံကိန်းကြီးကို
၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စ၍ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်
လျှက်ရှိပါသည်။
နှစ်ရှည်စီမံကိန်းကြီးတွင် လုပ်ငန်းစဉ်(၁၀)ရပ်၊ စီမံချက်(၃၁)ရပ်၊ စီမံချက်ခွဲ(၁၀၈)ခုတို့ ပါဝင်
ပါတယ်။လုပ်ငန်းစဉ်(၁၀)ရပ်မှာ-
(က)ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့်
ပညာရေးစနစ်ဖြစ်ထွန်းရေး
(ခ)နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက်
သင်ယူပြီးမြောက်စေရေး
(ဂ)အခြေခံပညာရေး အရည်အသွေးမြင့်မားရေး
(ဃ)အခြေခံပညာရေး အဆင့်အလိုက် အကြိုသက်မွေးနှင့်
သက်မွေးဝမ်းကျောင်းပညာများ
သင်ယူခွင့်ရရှိရေး
(င)အီလက်ထရွန်းနစ်ပညာရေး (e-Education) ကိုဦးတည်၍ ခေတ်မီဆက်သွယ် ပို့ချမှု
နည်းပညာရပ်များ ကျွမ်းကျင်မှုဆိုင်ရာပညာရပ်များ သင်ကြားမှု သင်ယူမှုအခွင့်အလမ်း
များ ပိုမိုတိုးတက်စေရေး
(စ)ဘက်စုံပညာပြည့်ဝသည့် နိုင်ငံသားကောင်းများ
ပြုစုပြိုးထောင်ပေးရေး
(ဆ)ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားရေး
(ဇ)မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့်
အခြေခံပညာဖွံ့ဖြိုးမှုလုပ်ငန်းများ တိုးမြှင့်ဆောင်
ရွက်ရေး
(ဈ)ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
(ည)ပညာရေးသုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
တို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ပညာရေးကို
အခြေခံပညာရေးနှင့်အဆင့်မြင့်ပညာရေးဟူ၍ ကဏ္ဍ (၂)ရပ်ဖြင့် အကောင်
အထည်ဖော်
ဆောင်ရွက်လျှက်ရှိရာ နိုင်ငံတော်၏ကာလတို(၅)နှစ် စီမံကိန်းအလိုက် ချမှတ်ထားသည့်
ပညာရေး ဦးတည်ချက်များနှင့်အညီ မြန်မာ့ပညာရေး မျှော်မှန်းချက်များ၊
အနှစ် (၃၀) နှစ်ရှည်စီမံကိန်း
မျှော်မှန်းချက်များနှင့်
နိုင်ငံတော်အကြီးအကဲ၏ လုပ်ငန်းလမ်းညွန်ချက်များကို
ပညာရေးမူဝါဒအဖြစ်
ခံယူ၍
အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။
နိုင်ငံတော်၏ စတုတ္ထကာလတို (၅) နှစ်စီမံကိန်းကို
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁
ဘဏ္ဍာရေးနှစ်အထိ
အကောင်အထည်ဖော်ဆောင်ရွက်ရန်ချမှတ်ပေးထားပြီးဖြစ်သဖြင့် အဆိုပါစီမံကိန်း
ဦးတည်ချက်များအနက်
ပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဦးတည်ချက် ၄ ရပ်နှင့်အညီ အခြေခံပညာ
ကဏ္ဍ
အနှစ် ၃၀ နှစ်ရှည် စီမံကိန်းလုပ်ငန်းစဉ်များကို
အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်
ဖြစ်ပါတယ်။
စတုတ္ထကာလတို ၅ နှစ်စီမံကိန်း၏ ပညာရေးဦးတည်ချက် ၄ ရပ်မှာ
(က)လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်
ပညာရေး၊ ကျန်းမာရေးလုပ်ငန်း
များ တိုးချဲ့ဆောင်ရွက်ရေး
(ခ)နယ်စပ်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်ရေး
(ဂ)ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရေး
(ဃ)နိုင်ငံတော်၏စီမံကိန်းများအတွင်း
ထောင်စုနှစ်ရည်မှန်းချက်များကို ပြည့်မီကျော်လွန်
အောင် ဆောင်ရွက်ရေး တို့ဖြစ်ပါတယ်။
ယနေ့ကျင်းပပြုလုပ်တဲ့
ပညာရေးစုံညီပွဲဟာ နှစ်ရှည်စီမံကိန်း လုပ်ငန်းစဉ် (၁၀)ရပ်အနက်မိဘပြည်သူ
များ၏ ပူးပေါင်းပါဝင်မှုဖြင့် အခြေခံပညာဖွံ့ဖြိုးမှုလုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်ရေးဟူသော လုပ်ငန်း
စဉ်ကို
ပုံဖော်ခြင်း ဖြစ်သလို စတုတ္ထကာလတို (၅) နှစ်စီမံကိန်း၏ ပညာရေးဦးတည်ချက် ၄ ရပ်အနက်
တစ်ရပ်ဖြစ်တဲ့
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေး၊ ကျန်းမာရေးလုပ်ငန်း များ
တိုးချဲ့ဆောင်ရွက်ရေး ဟူသော ကဏ္ဍကို ပုံဖော်ပေးခြင်းလည်းဖြစ်ပါတယ်။
ပညာရေးဆရာ၊ဆရာမတွေနဲ့
မိဘတွေနဲ့ တွေ့ဆုံပြီး ဤကျောင်းရဲ့ တစ်နှစ်တာ
စာပေ၊ ပန်းချီ၊ ဂီတ၊ အားကစား စတဲ့ ကျောင်းရဲ့ ဘက်စုံလုပ်ငန်း လုပ်ဆောင်ချက်တွေကို ချပြတဲ့ ပညာရေးစုံညီပွဲမှာ
လိုအပ်ချက်တွေ၊
အားသာချက်တွေ၊ အားနည်းချက် တွေကို မိဘပြည်သူတွေသိရှိပြီး
ဤကျောင်းရဲ့
တိုးတက်ရာတိုးတက်ကြောင်းတွေကို
ဆွေးနွေးအဖြေရှာနိုင်မှာဖြစ်ပါတယ်။
နိဂုံးချုပ်ပြောကြားလိုတာကတော့ ၂၀၁၄ လူဦးရေနှင့်အိမ်အကြောင်းအရာ
သန်းခေါင်းစာရင်း
ကို
လေ့လာကြည့်ရင် အသက်(၁၅)နှစ်မှ အသက်(၂၉)နှစ်အတွင်းရှိ လူငယ် လူဦးရေ၏ (၅.၅)ရာခိုင်
နှုန်းသည်
အတန်းပညာ မတတ်ကြောင်း တွေ့ရှိရပြီး လူငယ်လူဦးရေ၏ (၁၇.၂) ရာခိုင်နှုန်းသည်
အထက်တန်းပညာနှင့်အထက် ပညာရေးအဆင့်တွင် ရှိကြောင်း တွေ့ရှိရပါသည်။ လူငယ်လူဦးရေ၏
၅၂
ရာနှုန်းသည် အလယ်တန်းပညာရေးအဆင့် ပြီးဆုံးခြင်းမရှိဘဲ ကျောင်းမှနှုတ်ထွက်ခဲ့ကြရကြောင်း
တွေ့ရှိကြရပြီး
လူငယ်များ၏ ကျောင်းထွက်ရသည့် ပျမ်းမျှအသက်မှာ ၁၃.၃ နှစ်ဖြစ်ကြောင်း တွေ့ရှိ
ရပါတယ်။
သို့အတွက်ကြောင့် မိဘများရဲ့ကူညီဆောင်ရွက်ရမဲ့
အရေးကြီးဆုံးကဏ္ဍကတော့ ကျောင်းနေ
အရွယ်ဖြစ်တဲ့
အသက် ၅ နှစ်မှ ၁၄ နှစ်အတွင်းရှိ မိမိတို့ရဲ့ရင်သွေးငယ်များကို ကျောင်းထွက်မှု မရှိရ
အောင်
နဲ့ ဤကျောင်းရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရာတိုးတက်ကြောင်းတွေကို လေ့လာသုံးသပ်အကဲဖြတ်
ပြီး
အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်ပါတယ်။
အားလုံးကို
ကျေးဇူးတင်ပါတယ်။