Monday, September 2, 2013

ကမ္ဘာ့ဆရာများနေ့စာစီစာကုံးနှင့်ဆောင်းပါး

          ၁.၉.၂၀၁၃ ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ဗန်းမော်မြို့၊အထက(၁)စာသင်ခန်း(၃)၌ ကမ္ဘာ့ဆရာများနေ့
စာစီစာကုံးနှင့်ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
          အထက်တန်းနှင့်အလယ်တန်းဆင့် စာစီစာကုံးခေါင်းစဉ်အဖြစ် "ပွင့်သစ်ပန်းကို လန်းစေသူ" ဖြင့်စီကုံးရေးသား
ကြသည်။ပါဝင်ယှဉ်ပြိုင်သူ အလယ်တန်းဆင့် ကျောင်းသား(၇)ဦး၊ကျောင်းသူ(၃၀)ဦးရှိပြီး၊ အထက်တန်းဆင့်တွင်
ကျောင်းသား(၇)ဦး၊ကျောင်းသူ(၄၁)ဦး ရှိပါသည်။စုစုပေါင်းကျောင်းသား/သူ(၈၅)ဦးပါဝင်ယှဉ်ပြိုင်ကြပါသည်။
          ဆောင်းပါးခေါင်းစဉ်အဖြစ် "ပညာအရည်အသွေးမြင့်မားဖို့ ဆရာအရည်အချင်းမြှင့်တင်စို့" ဖြင့် ဆရာမ(၄)
ဦးပါဝင်ယှဉ်ပြိုင်ကြပါသည်။
         အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ဆောင်းပါးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးနှင့်
ဒုတိယမြို့နယ်ပညာရေးမှူးတို့ ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

အောင်တင့်                အောင်တင့်၁၂                အောင်တင့်၂၀၁၃

ကျောင်း                  ကျောင်းသား                   ဆရာ

No comments:

Post a Comment