Thursday, August 11, 2016

၂၀၁၆နွေရာသီအိုလံပစ်(၁၀.၈.၂၀၁၆)

နွေရာသီအိုလံပစ်ပွဲတော်ကို ဘရာဇီးနိုင်ငံမှာကျင်းပနေတာ
(၆)ရက်မြောက်ကိုရောက်ပါပြီ။
ရရှိတဲ့(ရွှေ၊ငွေ၊ကြေး)ဆုတံဆိပ်တွေကတော့
အမေရိကန်က ရွှေ၊ငွေ၊ကြေး(၁၀၊၉၊၉)ဖြင့်ပထမနေရာမှာ
ရပ်တည်နေပါတယ်။
၎င်းနိုင်ငံအနောက်မှာတော့ တရုတ်က(၉၊၄၊၈)ဖြင့်ဒုတိယ
ဂျပန်က(၆၊၁၊၁၀)ဖြင့်တတိယ၊တောင်ကိုရီးယားက
(၄၊၂၊၃)ဖြင့်စတုတ္ထအသီးသီးရပ်တည်နေပါတယ်
၎င်းနိုင်ငံတွေပြီးရင်တော့ ဟန်ဂေရီ၊ သြစတြေလျ၊
ရုရှား၊ အီတလီ၊ ဗြိတိန်၊ ပြင်သစ်၊ ထိုင်း၊ ကာဇာကစ်စ်တန်၊
ဂျာမနီ၊ ဆွိဒင်၊ နယ်သာလန်၊ ဘရာဇီး၊ ကိုလံဗီယာ၊ ဆလိုဗေးနီးယား၊
ဗီယက်နမ်၊ တိုင်ပေ၊ ဘယ်လ်ဂျီယန်၊ ဂရိ၊ ဆွစ်ဇာလန်၊ အာဂျင်တီးနား၊
ခရိုအေးရှား၊ အိုင်အိုအေ၊ ကိုဆိုဘို နိုင်ငံတွေရပ်တည်နေပါတယ်
တစ်ရက်ပြီးတာနဲ့ ပြောင်းလဲမှုတွေလဲ ထွက်ပေါ်ပါတယ်
အာဆီယံနိုင်ငံထဲက အင်ဒိုနီးရှား က ငွေ(၂)ခု၊ မလေးရှား က
ငွေ(၁)ခုနဲ့ ဖိလစ်ပိုင်က ငွေ(၁)ခုရရှိထားပါတယ်
ကျနော်တို့ မြန်မာကတော့ (ရွှေ၊ ငွေ၊ ကြေး)ရဘို့ ကြိုးစားနေပါ
တယ်။အားပေးကြပါ။ မကြာမီရပါလိမ့်မည်။
အာဆီယံနိုင်ငံထဲမှာတော့ ထိုင်းက ရွှေ၊ငွေ၊ကြေး(၂၊၁၊၁)ဖြင့်
အဆင့်(၁၁)မှာရှိပြီး၊ ဗီယက်နမ်ကတော့ ရွှေ၊ငွေ၊ကြေး(၁၊၁၊၀)
ဖြင့် အဆင့် (၁၆)မှာရှိပါတယ်။

No comments:

Post a Comment