2017 World Teachers’ Day
၂၀၁၇ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲကို
ကချင်ပြည်နယ်၊ဗန်းမော်မြို့အထက(၁)အောင်တံခွန်ခန်းမတွင်
မြို့နယ်အဆင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။အခန်းအနားကိုကန်တော့ခံ
ဆရာကြီး(၃၀)ဦး၊ဆရာမကြီး(၃၉)ဦးတက်ရောက်နိုင်ခဲ့ပါတယ်။
တစ်ချို့သောကန်တော့ခံဆရာကြီး၊ဆရာမကြီးများသည်အသက်
အရွယ်အရကျန်းမာရေးအားနည်းလာပြီဖြစ်သဖြင့်တက်ရောက်နိုင်ခြင်း
မရှိတော့ပါ။
အခန်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာကြီးဦးနော်တောင် မှ
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ဌာနဆိုင်ရာများ
အနေဖြင့် ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတက်ရောက်အားပေးပါတယ်။
မြို့နယ်စာရင်းစစ်၊မြို့နယ်ကျန်းမာရေး၊ခရိုင်စီမံကိန်းဦးစီးဌာန
တို့မှ အကြီးအကဲများလည်းတက်ရောက်အားပေးကြပါတယ်။
ကန်တော့ခံဆရာကြီးများကိုယ်စား ဆရာကြီးဦးဖေဝင်း
က
လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ဆရာ/မများကို
ဆုံးမသြဝါဒ
စကားမြွက်ကြားပေးပါတယ်။
ကျင်းပတဲ့အခန်းအနားဟာမင်္ဂလာရှိတဲ့အခန်းအနားဖြစ်ကြောင်း၊
အခန်းအနားကျင်းပပေးတဲ့ဆရာ၊ဆရာမများဟာမွန်မြတ်တဲ့
စိတ်ထားရှိသူများဖြစ်ကြောင်း၊ကျေးဇူးတရားကိုသိရှိသူများ
ဖြစ်ကြောင်း၊ကျေးဇူးတရားဆိုတာ ပုဂ္ဂိုလ်တစ်ယောက်က
အခြား
တစ်ယောက်ကို စေတနာ၊ မေတ္တာများဖြင့်
ကူညီပေးခဲ့သူဖြစ်
ကြောင်း၊လမ်းမှားနေရင် လမ်းကြောင်းမှန်ရောက်အောင်ပို့ဆောင်
ပေးခဲ့သူဖြစ်ကြောင်းစသဖြင့်ကျေးဇူးတရားများကိုအကျယ်တဝင့်
ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
ယနေ့ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုပြန်ကြည့်ရင်
အရွယ်သုံးပါး(ပညာရှာ၊ဥစ္စာရှာ၊ဘာဝနာရှာ)မှာ
နောက်ဆုံးဘာဝနာရှာ
တဲ့အရွယ်ဖြစ်ကြောင်း၊လောဘ၊ဒေါသတွေ လျော့ပါးတဲ့အရွယ်ဖြစ်ကြောင်း
နေထွက်ဆည်းဆာ၊နေ့လည်ဆည်းဆာ၊နေဝင်ဆည်းဆာ
အချိန်သုံးပါးမှာ
အလှပဆုံးဖြစ်တဲ့ နေဝင်ဆည်းဆာအချိန်ကိုရောက်နေကြပြီဖြစ်ကြောင်း
သည်အတွက်ကြောင့် လက်ရှိတာဝန်ထမ်းဆောင်ကြတဲ့ဆရာ/မများအနေဖြင့်
အင်မတန်မှအကျိုးများတဲ့ပူဇော်ကန်တော့ခြင်းမျိုးဖြစ်ကြောင်းသြဝါဒစကား
မြွက်ကြားပေးပါတယ်။
ဆရာတစ်ယောက်ဟာအရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း
သက်ရှိလူသားလေးတွေကို ကိုင်တွယ်ရတာဖြစ်လို့
သက်မဲ့ကိုလိုရာ
ပုံသွင်းရတာထက်ခက်ခဲကြောင်း၊အနာဂတ်ကမ္ဘာကြီးရဲ့ကံကြမ္မာဟာ
ဆရာတွေရဲ့လက်ဝယ်မှာရှိကြောင်း ခံယူချက်ကောင်းတွေ
မွေးမြူ
စေလိုကြောင်း အားပေးစကားများလည်းပြောကြားပေးပါတယ်။
ကလေးတစ်ယောက်ရဲ့လိုအပ်ချက်သေးသေးလေးကို
ဖြည့်ဆည်းပေးလိုက်ခြင်းမျိုး(ဥပမာ-စာအုပ်၊ခဲတံလိုလို့တစ်အုပ်
တစ်ချောင်းပေးလိုက်တာမျိုး၊ဝမ်းနည်းနေချိန်ကျောသတ်၊ရင်သတ်
အားပေးစကားပြောတာမျိုး၊ စာရလို့ တော်လိုက်တာဆိုပြီးချီးကျူး
စကားပြောပေးတာမျိုး) တွေဟာလည်း ကလေးအတွက်ဘဝ
တစ်လျှောက်လုံးအမှတ်ရစေတဲ့အကြောင်းအရာတွေဖြစ်ကြောင်း
တန်ဖိုးရှိတဲ့အရာတွေဖြစ်ကြောင်း ပြောကြားပေးပါတယ်။
ကန်တော့ခံဆရာမကြီးများကိုယ်စား ဆရာမကြီးဒေါ်သိန်းမြ ကလည်း
ဆရာတစ်ယောက်ရှိရမဲ့အရည်အသွေးများကိုပြောကြားပေးပါတယ်။
လုပ်ငန်းတစ်ခုလုပ်တဲ့ခါ ပြဿနာကြုံလာတဲ့ခါ
ကြံရည်ဖန်ရည်ရှိဖို့၊
သင်ကြားရေးမှာသင်ထောက်ကူပစ္စည်းများတီထွင်ဖန်တည်းတတ်ဖို့၊
ဆက်ဆံရေးအမျိုးမျိုးမှာလိမ္မာပါးနှပ်ဖို့၊
ဝေဖန်ပိုင်းခြားတတ်ဖို့၊
ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချတတ်ဖို့၊
ကျောင်းသား/သူများကို
နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ရှိအောင်သင်ကြားပေးကြဖို့သြဝါဒစကား
မြွက်ကြားပေးပါတယ်။
မြို့နယ်ပညာရေးမှူး(ငြိမ်း)ဆရာကြီးဦးအုန်းငွေ က
ဆုပေးစကား
ဆုတောင်းစကားများကိုရှင်းလင်းပြောကြားပေးပါတယ်။မြတ်ဆရာ
ပူဇော်ပွဲအခမ်းအနားဟာ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများရော၊
ပူဇော်ကန်တော့ကြတဲ့ ဆရာ/မများရော ပီတိသုခရရှိကြကြောင်း
နှစ်ဦးနှစ်ဖက်အကျိုးများကြောင်း၊တန်ဖိုးမဖြတ်နိုင်ကြောင်းပြောကြား
ပေးပြီး ဆုပေးစကားချီးမြှင့်ပေးပါတယ်။
မြတ်ဆရာပူဇော်မှုကို မြန်မာနိုင်ငံတွင်နှစ်စဉ်ကျင်းပကြပါတယ်။
သို့သော်လည်း မြန်မာပြက္ခဒိန်အရ သီတင်းကျွှတ်လပြည့်နေ့နဲ့
လပြည့်ကျော်တစ်ရက်နေ့မှာ ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာမှာတော့ကမ္ဘာ့ဆရာများနေ့ကို(၁၉၉၄)ခုနှစ်မှစတင်ခဲ့တာ
ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ အနာဂတ်အတွက်လိုအပ်တဲ့
မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးခဲ့တဲ့ဆရာကြီး၊ဆရာမကြီးတွေကို
ထောက်ပံ့မှုတွေလုပ်ဆောင်ပေးနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။
World
Teachers' Day, also known as International Teachers Day,
is held
annually on October 5 since 1994, commemorates
teacher organizations
worldwide. Its aim is to mobilize support
for
teachers and to ensure that the needs of future generations
will
continue to be met by teachers.















No comments:
Post a Comment